အလုံမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

 



အလုံ ဇွန် ၂၉


ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် စောရန်ပိုင်အရှေ့ရပ်ကွက် အောက်ကြည့်မြင်တိုင်လမ်း အထက(၄)သီရိရတနာခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။


ထို့နောက် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာအမျိုးသမီး” ခေါင်းစဉ်များဖြင့်လည်းကောင်း ဖြေဆိုယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၄၂ ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၄၂ ဦး စုစုပေါင်း ၈၄ ဦးတို့ ယှဉ်ပြိုင်ပြီး တစ်ဦးလျှင် ကျောင်းသုံး ဗလာစာအုပ်တစ်ဒါဇင်၊ အာဟာရမုန့်၊ အအေးနှင့်ရေသန့်ဘူးများ ပေးအပ်ခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.