ပခုက္ကူမြို့နယ်၌ ကောက်ရိုးမှိုနှင့် ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်နည်းပညာပေး သင်တန်းဖွင့်လှစ်



ပခုက္ကူ ဇွန် ၁၈

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ကောက်ရိုးမှိုနှင့်ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်နည်းပညာပေး သင်တန်းဖွင့်ပွဲကို ဇွန် ၁၆ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ(၁)ခန်းမ၌ ကျင်းပရာ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်လင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ သင်တန်းဆက်လက်ပို့ချသည်။

 

သင်တန်းဖွင့်ပွဲတွင် သင်တန်းပို့ချမှုအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ ကောက်ရိုးမှိုနှင့်ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ် နည်းများအား လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဘာမီသာ(ပခုက္ကူ)

No comments

Powered by Blogger.