အေအိုင်စနစ်အတွက် အချက်အလက်စင်တာများ၏ လျှပ်စစ်နှင့် ရေသုံးစွဲမှု ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဆတိုးလာနိုင်
ဂျီနီဗာ ဇွန် ၄
ဉာဏ်ရည်တုနည်းပညာ (AI) စနစ်အတွက် အဓိကအရေးပါသည့် ကမ္ဘာတစ်ဝန်းရှိ အချက် အလက်စင်တာများက လျှပ်စစ်နှင့် ရေသုံးစွဲမှုမှာ ၂၀၃၀ ပြည့် နှစ်တွင် နှစ်ဆခန့် တိုးလာနိုင် ကြောင်း ကုလသမဂ္ဂနှင့် ဆက်နွှယ်သည့် သုတေသန အဖွဲ့အစည်းတစ်ခု၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။
အချက်အလက်စင်တာများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ် မည်ဆိုပါက ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု အများ ဆုံးနိုင်ငံများအနက် အဆင့် ၆ နေရာ၌ ရပ်တည်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ရေ၊ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေး အင်စတီကျုက ပြောကြားသည်။
အချက်အလက်စင်တာများသည် ရေကိုလည်း အမြောက်အမြား လိုအပ်သကဲ့သို့ ၎င်းတို့၏ ရေသုံးစွဲမှုလိုအပ်ချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် ဆာဟာရသဲကန္တာရတောင်ပိုင်း အာဖရိကဒေသရှိ လူဦးရေ ၁ ဒသမ ၃ ဘီလီယံ၏ အနည်းဆုံး ရေလိုအပ်ချက်နှင့် ခန့်မှန်းခြေအားဖြင့် တူညီလာ နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် နှစ်စဉ်ထုတ်လုပ်နေသည့် လျှပ်စစ်စွန့်ပစ်ပစ္စည်းများ၏ အလေးချိန်မှာလည်း အီဖယ်မျှော်စင် အခု ၂၅၀ နှင့် အလေးချိန် ညီမျှနိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။ ကမ္ဘာ တစ်ဝန်းတွင် အေအိုင်နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် အသုံး ပြုလာခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများမှာ တန်းတူညီမျှမှုမရှိ ကြောင်း အဆိုပါအဖွဲ့ အစည်းက ထောက်ပြထားသည်။
အင်န်အိတ်ချ်ကေ

No comments