သုံးခွမြို့နယ်၌ ကျေးရွာမြေငှားဂရန်ထုတ်ပေး
သုံးခွ ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်
ကံမြင့်ကျေးရွာအား ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်း အခမ်းအနားကို ဇွန် ၂ ရက်က ကံမြင့်ကျေးရွာ
ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်းက အမှာစကားပြောကြားပြီး ဒေသခံများအား ကျေးရွာမြေငှားဂရန်စာချုပ်များ
ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments