လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ



နေပြည်တော် ဇွန် ၃၀


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီ ခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်းကျင်းပရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဦးကျော်နိုင်ဝင်းနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။


သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရတနာတန်းဝင် ကျွန်းပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြပြီး အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးမှုကို ကြည့်ရှုအားပေးကြသည်။


အလားတူ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဝန်ကြီးဌာနကြီးကြပ်မှုအောက်မှ ရုံးများ၊ စက်ရုံ၊ အလုပ်ရုံများတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ယနေ့တွင် တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် ကျွန်းပင်အပါအဝင် အရိပ်ရလေကာပင်၊ နှစ်ရှည်သီးပင်စားပင် စုစုပေါင်း ၁၆၅၇၅ ပင်ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.