နတ်တလင်းမြို့နယ်၌ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ ကျင်းပ
နတ်တလင်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်
အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်
စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ဇွန် ၈ ရက်က နတ်တလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌
ကျင်းပသည်။
အဆိုပါပြိုင်ပွဲကျင်းပနေမှုကို နတ်တလင်းခရိုင်
အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာမြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးရုံးမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုး၊ ခရိုင်အတွင်းရှိ မြို့နယ်အခြေခံပညာကျောင်းများမှ
ဆရာ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပြီး ဆုရကျောင်းသား ကျောင်းသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း
သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)

No comments