ဂျပန်နိုင်ငံမြောက်ပိုင်း ဝက်ဝံတွေ့ရှိရာနေရာအနီးတွင် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ
ဇွန် ၃၀
ဂျပန်နိုင်ငံမြောက်ပိုင်း အာအိုမိုရီမြို့၏ တောင်တန်းဒေသတစ်ခုတွင် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်တွင် တိရစ္ဆာန်ကိုက်ခဲသည့်အနာအမာရွတ်များရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် ဟာကိုဒါတောင်တန်းရှိ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသားတစ်ဦး သေဆုံးနေသည်ကို ယမန်နေ့မနက် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်က တွေ့ရှိခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယခင်နေ့က ဝါးမျှစ်ခူးရင်း ပျောက်ဆုံးသွားသော အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရှာဖွေရေးလုပ်နေစဉ်အတွင်း ရုပ်အလောင်းတွေ့ရှိခဲ့ရာ နေရာအနီးတွင် ဝက်ဝံတစ်ကောင်ကို တွေ့ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် တွေ့ရှိထားသော ရုပ်အလောင်းသည် ပျောက်ဆုံးသွားသော အမျိုးသား၏ ရုပ်အလောင်း ဟုတ်မဟုတ်နှင့် အဆိုပါဖြစ်စဉ်နှစ်ခု ဆက်စပ်မှုရှိ၊ မရှိကို အတည်ပြုနိုင်ရန် သက်သေခံဖော်ထုတ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments