ထိုင်းနိုင်ငံသို့ မေလအတွင်း နိုင်ငံခြားခရီးသွား ၂ ဒသမ ၃၅ သန်း ဝင်ရောက်



ဇွန် ၁၁

ထိုင်းနိုင်ငံသို့ မေလအတွင်း နိုင်ငံခြားခရီးသွား ၂ ဒသမ ၃၅ သန်းဝင်ရောက်မှုရှိရာ ယခင်နှစ်ကခရီးသွားဝင်ရောက်မှုထက် ၃ ဒသမ ၅၄ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင့် ယနေ့တွင် ထုတ်ပြန်ဖော်ပြထားသည်။

ပြီးခဲ့သည့်လက နိုင်ငံခြားခရီးသွားများထံမှ ခရီးသွားလုပ်ငန်းဝင်ငွေ ဘတ် ၁၀၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၆ ဘီလီယံခန့်) ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလကထက် ၁၂ ဒသမ ၇၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့် မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် စင်ကာပူနိုင်ငံတို့သည် ထိုလအတွက် ထိပ်တန်းခရီးသွားရင်းမြစ်ငါးခုအဖြစ် အဆင့်သတ်မှတ်ခံထားရကြောင်း ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၇ ရက်အထိ နိုင်ငံခြားခရီးသွား စုစုပေါင်း ၁၄၅၁၅၉၇၈ ဦး ဝင်ရောက်မှုရှိရာ ခရီးသွားလုပ်ငန်းမှဝင်ငွေ ဘတ် ၇၀၁ ဒသမ ၃၆ ဘီလီယံအထိ ရှိလာကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှခရီးသွား ၂၃၈၆၇၁၄ ဦးဝင်ရောက်မှုဖြင့် စာရင်းတွင် ဦးဆောင်နေကြောင်း ခရီးသွားလာမှု ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာသည်နှင့်အမျှ လက်ရှိတွင် ဝင်ရောက်လာသော ခရီးသွားအရေအတွက် အသင့်အတင့် မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.