အိန္ဒိယသမုဒ္ဒရာ၌ ဝေလငါးသင်္ချိုင်းကြီးကို ရှာဖွေတွေ့ရှိ



ပေကျင်း  ဇွန်  ၁၁

သိပ္ပံပညာရှင်များသည် သမုဒ္ဒရာကြမ်းပြင်ပေါ်တွင် ကမ္ဘာ့အနက်ဆုံးနှင့် အကြီးမားဆုံး ဝေလငါး အကြွင်းအကျန်များ စုဝေးတည်ရှိနေသည့် နေရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ယင်းနေရာကို “Whale  Necropolis” (ဝေလငါးသင်္ချိုင်းကြီး) ဟု ခေါ်ဆိုခဲ့ကြသည်။

အိန္ဒိယသမုဒ္ဒရာ အရှေ့တောင်ပိုင်းရှိ ဒိုင်ယာမန်တီနာဇုန်အတွင်း အနက်   မီတာ ၇၀၀၀    ခန့်ရှိသော      နေရာ၌တွေ့ရှိခဲ့သည့် အဆိုပါရှာဖွေတွေ့ရှိမှုတွင် ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အနည်းဆုံး နှစ်ပေါင်း ၅ ဒသမ ၃ သန်းကြာ ဖွဲ့စည်းတည်ရှိလာခဲ့သော whale-fall (ဝေလငါး သေကောင်များကို   မှီခိုနေထိုင်သည့်)ဂေဟစနစ်များ ပါဝင်ကြောင်း သိရသည်။

တရုတ်၊ အီတလီနှင့် နယူးဇီလန်နိုင်ငံတို့မှ သိပ္ပံပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အဆိုပါ သုတေသနကို ကမ္ဘာကျော်  Nature သိပ္ပံဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

ဆင်ဟွာ

No comments

Powered by Blogger.