မြစ်ကြီးနားမြို့၌ ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း ပြုလုပ်
မြစ်ကြီးနား ဇွန် ၂
ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက ဥပဒေအရာရှိများ အနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များကို ကောင်းစွာသိရှိလိုက်နာခြင်းဖြင့် ပြည်သူများ၏ ယုံကြည်အားကိုးမှုရရှိစေရေး ဖော်ဆောင်ကြရန် တိုက်တွန်းမှာကြားကာ သက်ဆိုင်ရာကျင့်ဝတ် ကြီးကြပ်ရေးအဖွဲ့ဝင်များက ပြည်နယ် ဥပဒေချုပ်ရုံးအပါအဝင် ခရိုင်/ မြို့နယ် ဥပဒေရုံးများမှ ဥပဒေအရာရှိများအား ကျင့်ဝတ်ဆိုင်ရာမေးမြန်း ဆွေးနွေးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments