မြိတ်မြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ 

 



မြိတ်    ဇွန်     ၂၄


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌  Polytechnic University (ကွန်ပျူတာမဟာဌာန)၌  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။


ဦးစွာ   မြို့နယ်စီမံခန့်ခွဲရေးနှင့်    အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲ၌ စိုက်ပျိုးကြမည့်ပျိုးပင်များကို တက်ရောက်လာကြသူများအား ပေးအပ်ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ Polytechnic University ဒုတိယပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊    ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံများက ပျိုးပင် ၆၀၅ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။                                  


ခိုင်ထူး(ပြန်/ဆက်)

No comments

Powered by Blogger.