မူလတန်းကြိုကျောင်းများနှင့် ပြင်ဦးလွင်မြို့ ပရဟိတမျက်မမြင်ကျောင်း ကြည့်ရှုစစ်ဆေး

 



နေပြည်တော် ဇွန် ၁၇


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာ မူလတန်း ကြိုကျောင်း၊ ကျောက်ဆည် မူလတန်းကြိုကျောင်း၊ ပြင်ဦးလွင် မူလတန်း ကြိုကျောင်းတို့တွင် အသက် ၃ နှစ်မှ ၅ နှစ်အထိ မူလတန်းကြို ကလေးများအား ရှေးဦးအရွယ် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေးအတွက် လေ့ကျင့်သင်ကြားပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှု


ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ ပြင်ဦးလွင်မြို့ ပရဟိတ မျက်မမြင်ကျောင်းသို့ရောက်ရှိရာ ပရဟိတ ဂေဟာတွင် မျက်မမြင် အမျိုးသား ၇၂ ဦး၊ အမျိုးသမီး ၄၁ ဦး လက်ခံ စောင့်ရှောက်ပြီး စာပေနှင့် အသက်မွေးဝမ်း‌ကျောင်းပညာ သင်ကြားပေးနေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.