မွန်ပြည်နယ်ဝန်ကြီးချုပ် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှု ကြည့်ရှုအားပေး
မော်လမြိုင် ဇွန် ၂
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး မော်လမြိုင်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီး၌ သမားတော်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စမ်းသပ်စစ်ဆေး ကုသပေးနေမှုတို့ကို ကြည့်ရှု အားပေးသည်။
ဆက်လက်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရောက် ပညာသင်ယူနေမှုကို ကြည့်ရှုအားပေးပြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments