သာစည်မြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော
သာစည် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်
သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇွန်
၅ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြော
ဟောပြောပွဲတွင် မြို့နယ် သစ်တောဦးစီးဌာန
ဦးစီးအရာရှိ ဦးအောင်ကျော်စိုး၊ တောအုပ်ကြီးနှင့် တောအုပ်က ရေသယံဇာတထိန်းသိမ်းရေး၊ ဌာနမှဆောင်ရွက်လျက်ရှိသော
ပျိုးပင်များ အခမဲ့ ဖြန့်ဝေနေမှုများနှင့် သစ်ပင်စိုက်ပျိုးခြင်းတွင် ပြည်သူများ ပူးပေါင်း
ပါဝင်လာစေရေးတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments