ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ရက်ကန်းနှင့် သက်မွေးပညာ သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ကြည့်ရှုစစ်ဆေး

 


စစ်တွေ ဇွန် ၃

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ရက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်း (စစ်တွေ) ၌ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

 

ထို့နောက် ရက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်း (စစ်တွေ)မှ ဖွင့်လှစ်သည့် သင်တန်းများတွင် တက်ရောက်ပြီး ယာယီနေရပ်စွန့်ခွာစုရပ်များတွင် နေထိုင်ကြသူများက စုရပ်များ၌ မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိရေးအတွက် ရက်ကန်းရက်လုပ်နေမှုကို ကြည့်ရှုအားပေးသည်။

 

ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးသိုလှောင်ရုံတွင် ဆေးများ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံး ဆောက်လုပ်မည့် လျာထားမြေနေရာတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)

No comments

Powered by Blogger.