မြေအသုံးချမှုစီမံခန့်ခွဲရေးနှင့် ရေရှည်တည်တံ့သောလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု စကားဝိုင်းဆွေးနွေး
နေပြည်တော် ဇွန် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏
(၅၆)ကြိမ်မြောက် လစဉ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင်
နေပြည်တော်ရုံးအမှတ် (၁၅) စုဝေးဆောင်ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပညာရှင်များ၊ သုတေသီများ တက်ရောက်ကြပြီး
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က
အမှာစကားပြောကြားပြီး ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်
ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ပညာရှင်များက လယ်ယာကဏ္ဍ
ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုအတွက် မြေအသုံးချမှုစီမံခန့်ခွဲရာတွင် ဟန်ချက်ညီစီမံဆောင်ရွက်သင့်သည့်
အခြေအနေများ၊ မြေဆီလွှာပျက်စီးမှုကို လျော့နည်းစေရန် မြေအသုံးချမှုကို စီမံခန့်ခွဲရာတွင်
ထည့်သွင်းစဉ်းစားသင့်သည့် အချက်များ၊ မြေဆီလွှာအာဟာရဓာတ်စီမံခန့်ခွဲရေးနှင့် ရေရှည်တည်တံ့သော
သီးနှံထုတ်လုပ်မှုရရှိရန်အတွက် ဆက်လက် ဆောင်ရွက်သင့်သည့်အချက်များ၊ စားကျက်မြေနှင့်
မွေးမြူရေး တိရစ္ဆာန်အစာစိုက်ပျိုး ထုတ်လုပ်မှု၊ ငါး၊ ပုစွန် မွေးမြူရေးကဏ္ဍများ၏ မြေယာအသုံးချမှုနှင့်
စီမံခန့်ခွဲမှုအခြေအနေများကို ဆွေးနွေးကြရာ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများမှ
ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments