အင်္ဂပူမြို့နယ်၌ သစ်စိမ်းမြေသြဇာ ထယ်ထိုးမြေမြှုပ်ခြင်းဆောင်ရွက်
အင်္ဂပူ ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက
မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထယ်ထိုးမြေမြှုပ်ခြင်း
အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကြို့ကုန်းကျေးရွာ တောင်သူဒေါ်အေးကြည်၏ လယ်မြေလေးဧကတွင်
ပြုလုပ်သည်။
သစ်စိမ်းမြေသြဇာ ထည့်သွင်းထွန်ယက်ခြင်းကို
မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့်
ကော်မတီဝင်များက ကြည့်ရှုအားပေးသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး
ဒေါ်ဇာနီမောင် က သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းဖြင့်
မြေဆီလွှာအာဟာရ ပိုမိုကောင်းမွန်ကာ သီးနှံများအထွက်နှုန်းတိုးပြီး ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ကြောင်းကို
တောင်သူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)

No comments