နီပေါနိုင်ငံသို့ မေလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၁၉ ရာခိုင်နှုန်း တိုးလာ
ဇွန်
၂
နီပေါနိုင်ငံသို့
မေလအတွင်း နိုင်ငံခြားခရီးသွား ၁၀၂၆၂၆ ဦး ဝင်ရောက်မှုရှိရာ ယမန်နှစ်အလားတူကာလနှင့်
နှိုင်းယှဉ်ပါက ၁၉ ရာခိုင်နှုန်း တိုးလာကြောင်း နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ယမန်နေ့ကပြောကြားခဲ့သည်။
အစိုးရ၏
ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအေဂျင်စီက လစဉ်အစီရင်ခံစာတစ်ခုတွင် အိန္ဒိယနိုင်ငံမှခရီးသွား
၄၀၇၈၂ ဦး လာရောက်လည်ပတ်သဖြင့် ခရီးသွားဝင်ရောက်မှုအများဆုံးအဖြစ် ဆက်လက်တည်ရှိနေပြီး ခရီးသွားဝင်ရောက်မှုစုစုပေါင်း၏
၃၉ ဒသမ ၇၄ ရာခိုင်နှုန်းရှိကြောင်းနှင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့က ဒုတိယနေရာတွင်
ရှိကြောင်း ဖော်ပြထားသည်။
ခရီးသွားလုပ်ငန်းသည်
နီပေါနိုင်ငံ၏ စီးပွားရေး အဓိကမဏ္ဍိုင်များအနက်တစ်ခုဖြစ်ပြီး အလုပ်အကိုင်နှင့် နိုင်ငံခြားငွေဝင်ငွေများ
ရရှိစေသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments