သဲကုန်းမြို့နယ်၌ ကျန်းမာရေးအဆင့်မြင့်ကျောင်း (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်
သဲကုန်း ဇွန် ၇
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြင့်ကျောင်း (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ စိုးမြင့်အောင်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေး ဦးစီးဌာနမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်ရဲကျော် က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့် Smart school ကျောင်းများပြည့်မီအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါသင်တန်းကို သင်တန်းနည်းပြနှစ်ဦးက သင်တန်းသား သင်တန်းသူများနှင့် ဆရာ ဆရာမ ၇၁ ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments