အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ ကျင်းပ
ရန်ကုန် ဇွန် ၁၅
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်မည့်
အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် တက်ရောက်၍ အမှာစကား ပြောကြားသည်။
တက်ရောက်
သင်တန်းဖွင့်ပွဲသို့ အငြိမ်းစား
ဒုတိယဝန်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ များနှင့်
သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းကို ဇွန် ၁၅ ရက်မှ စက်တင်ဘာ
၄ ရက်အထိ ရက်သတ္တ ၁၂ ပတ်ကြာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့တို့တွင် နံနက် ၇
နာရီမှ ၉ နာရီအထိ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ
ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိက နယ်ပယ်များမှ နိုင်ငံတကာ ဆက်ဆံရေးနှင့် သံတမန်ရေးရာဘာသာရပ်များကို
စိတ်ပါဝင်စားသူများ စုစုပေါင်း ၉၆ ဦးခန့် တက်ရောက်ကြ မည်ဖြစ်သည်။
သင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊
နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များ၊ နိုင်ငံတကာဥပဒေဘာသာရပ်များ၊
နိုင်ငံရေးဘောဂဗေဒနှင့် အထွေထွေဗဟု သုတဆိုင်ရာများစသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments