အရေးပေါ်ကယ်ဆယ်ရေးသင်တန်းဆင်း၊ မီးသတ်ပစ္စည်းများ လှူဒါန်း
ရန်ကုန် ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဇီဝိတဒါနသံဃာ့ဆေးရုံ ကြီး(ရန်ကုန်)တွင် အကြိုအခြေခံ မီးသတ်ပညာနှင့် အရေးပေါ် ကယ်ဆယ်ရေးသင်တန်း (၁/ ၂၀၂၆)သင်တန်းဆင်းပွဲနှင့် မီးသတ်ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါဆေးရုံကြီး၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးနှင့် အရာရှိ၊ နည်းပြတပ်ဖွဲ့ဝင်များ၊ ဆေးရုံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအေးမောင်သန်းနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်သည်။ အခမ်းအနားတွင် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းဆင်းအမှာစကား ပြောကြားပြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မီးသတ်ပညာ၊ အရေးပေါ် ကယ်ဆယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းတွင် ဆုရရှိ သူများအား ဆုများချီးမြှင့်ပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။ ယင်းနောက် မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဇီဝိတဒါန သံဃာ့ဆေးရုံသို့ မီးသတ် ဆေးဘူး 2Kg နှစ်ဘူး၊ မီးသတ်ပိုက် လိပ်လေးလိပ်နှင့် 3D မီးသတ်ပိုက် ခေါင်းနှစ်ခေါင်းတို့ကို လှူဒါန်းရာ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ဗလ

No comments