ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ



နေပြည်တော် ဇွန် ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် (၂၉)ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ် (29th St. Petersburg International Economic Forum - SPIEF 2026) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်ကျော်ဟိုး၊ ဦးထိန်လင်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုးနှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

သတင်းစဉ်

No comments

Powered by Blogger.