ဘရာဇီးတိုက်စစ်ကစားသမား နေမာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအဖွင့်ပွဲစဉ် လွဲချော်ဖွယ်ရှိ
ဘရာဇီးအသင်း တိုက်စစ်ကစားသမား နေမာသည်
ဒဏ်ရာကြောင့် လာမည့် ချစ်ကြည်ရေးပွဲစဉ် များနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို
လွဲချော်ဖွယ်ရှိကြောင်း သိရသည်။
အသက် ၃၄ နှစ်အရွယ် နေမာသည်
ဒဏ်ရာကြောင့် သီတင်းသုံးပတ်အထိ အနားယူရဖွယ်ရှိသော ကြောင့် ချစ်ကြည်ရေးခြေစွမ်းပွဲအဖြစ်
ယှဉ်ပြိုင်ကစားမည့် ပနားမားနှင့် အီဂျစ်အသင်းတို့နှင့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။
ကမ္ဘာ့ဖလား ငါးကြိမ်ရ ဘရာဇီးအသင်းသည် ကမ္ဘာ့ဖလားအဖွင့် ပွဲစဉ်အဖြစ် ဇွန် ၁၃ ရက်တွင်
မိုရိုကိုအသင်းနှင့် စတင်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
နေမာသည် ဘရာဇီးအသင်းအတွက်
၁၂၈ ပွဲ ပါဝင်ကစားထားပြီး ၇၉ ဂိုးအထိ သွင်းယူပေးထားသူ ဖြစ်သည်။ ၎င်းသည် ၂၀၁၄၊ ၂၀၁၈
နှင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဘရာဇီးအသင်း အတွက် ပါဝင်ကစားပေးထားသည်။
မိုးဇက်

No comments