ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော် ဇွန် ၂၄


ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မပျက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယ နိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများစေလွှတ်ရေး၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သံတမန်ရေးရာနှင့်ဥပဒေရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် အိန္ဒိယသံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.