ဟားခါးမြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
ဟားခါး ဇွန် ၁၃
၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ အမှတ်(၂)အခြေခံ ပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းဝင်း၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ချင်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အဖွဲ့ဝင် များနှင့်အတူ သတ်မှတ်နေရာများ ၌ ပျိုးပင်များကို စိုက်ပျိုးပေးကာ တက်ရောက်လာသူများက တပျော်တပါး စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ချင်းပြည်နယ် သစ်တောဦးစီး ဌာနမှ ၂၀၂၆ ခုနှစ်အတွင်း ဟားခါး မြို့နယ်နှင့် တီးတိန်မြို့နယ်တို့ ၌ ပျိုးပင်မျိုးစုံ ၇၂၀၀၀ ပျိုးထောင်ထားရှိပြီး ပြည်သူများ ထံသို့ ဖြန့်ဝေစိုက်ပျိုးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကာ ယနေ့ သစ်ပင်စိုက်ပွဲတွင် ချယ်ရီပင်၊ စိန်ပန်းပြာပင်၊ ရေသင်းဝင်ပင်၊ ငုပင်၊ တောင်ဇလပ်ပင်၊ ယူကလစ် စသည့် ပျိုးပင်ပေါင်း ၅၄၅ ပင် စိုက်ပျိုး နိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments