ဗီယက်နမ်တွင် ငါးလအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ငါးသောင်းကျော်ရှိ



ဟနွိုင်း  ဇွန်  ၁၁

ဗီယက်နမ်နိုင်ငံ၌ ယခုနှစ် ပထမငါးလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၀၀၀၀ ကျော်ရှိ ကြောင်း သိရသည်။ အဆိုပါအရေအတွက်မှာ ယမန်နှစ် အလားတူ ကာလထက် ၂ ဒသမ ၅ ဆ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဗီယက်နမ် သတင်းအေဂျင်စီက ဇွန် ၁၁ ရက်တွင် ဖော်ပြထားသည်။

ကျွမ်းကျင်သူများ၏    ပြောကြားချက်အရ    ပုံမှန်မဟုတ်သည့် ရာသီဥတုပုံစံများ၊ စိုထိုင်းဆမြင့်မား သည့် အခြေအနေများ၊ မကြာခဏ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်  ယခုနှစ်အစပိုင်းမှစတင်၍ အေဒီးစ် ခြင်များ ပေါက်ပွားရန် သင့်လျော်သည့် ပတ်ဝန်းကျင်အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။                            

ဆင်ဟွာ

No comments

Powered by Blogger.