အင်ဒိုနီးရှားနိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံအများအပြား ထိခိုက် ပျက်စီး
ဂျကာတာ ဇွန် ၁၇
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းတွင်
ဇွန် ၁၆ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင် ကြောင့် တစ်ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ
ထိခိုက်ဒဏ်ရာရရှိကြောင်း အာဏာပိုင်များက ပြော သည်။
ယင်းငလျင်သည် ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိပြီး အနက် ၁၀ ကီလိုမီတာကို
ဗဟိုပြု၍ လှုပ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဆိုင်ရာ
သုတေသနအဖွဲ့က ပြောသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ဇွန် ၁၇ ရက် နံနက်ပိုင်းအထိ ထိခိုက်ဒဏ်ရာရရှိသူပေါင်း
၇၀ ကျော်လာပြီဖြစ်ကြောင်း၊ နေအိမ် ၁၀၀၀ ကျော်အပြင် လမ်းများ၊ တံတားများ အပါအဝင် အဆောက်အအုံများနှင့် အခြေခံအဆောက် အအုံအများအပြား ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments