တပ်ကုန်းမြို့၌ GAP စနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းဖွင့်
တပ်ကုန်း ဇွန် ၁၀
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်
စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ
(GAP)စနစ်ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းကို ဇွန် ၁၀ ရက်
မွန်းလွဲ ၁ နာရီခွဲက နွယ်ရစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ရှင်းလင်းဆွေးနွေး
ဦးစွာ တပ်ကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ
ဦးစီးအရာရှိ ဦးကျော်ဇေယျက အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ
ဦးအေးမင်းထွန်းက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)စနစ်ဖြင့် သီးနှံများ
စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါသင်တန်းသို့ နွယ်ရစ်ကျေးရွာအုပ်စုအတွင်းမှ
စိုက်ပျိုးရေးတောင်သူ ၅၀ တက်ရောက် ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်

No comments