HSBC Championships ဆီမီးဖိုင်နယ် ယိုဗစ်ချ်တက်ရောက်




HSBC Championships တင်းနစ်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ အမေရိကန် နာမည်ကျော်တင်းနစ်မယ် အီဗာယိုဗစ်ချ်က တစ်နိုင်ငံတည်းသူ အမန်ဒါ အနီဆီမိုဗာကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၆-၂၊ ၃-၆၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။


၎င်းသည် ပြိုင်ပွဲတစ်လျှောက်တွင် ခရိုအေးရှားတင်းနစ်မယ် ရူဇစ်၊ ဖိလစ်ပိုင်တင်းနစ်မယ် အယ်လာတို့ကို ကျော်ဖြတ်ထားသူ ဖြစ်သည်။ ယိုဗစ်ချ်သည် ယခုပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ခဲ့သည့် ပြင်သစ်အိုးပင်း ပြိုင်ပွဲတွင် တတိယအဆင့်အထိသာ တက်လှမ်းနိုင်ခဲ့ပြီး ပြိုင်ဘက် ဂျပန်တင်းနစ်မယ် အိုဆာကာကို ရှုံးနိမ့်ခဲ့သည့်အတွက် နောက်တစ်ဆင့် တက်လှမ်းခွင့် လွဲချော်ထားသူဖြစ်သည်။ အသက် ၁၈ နှစ်အရွယ် ယိုဗစ်ချ်သည် ယခုနှစ်အတွင်း ဆီမီးဖိုင်နယ်သို့ လေးကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မိုးဇက်

No comments

Powered by Blogger.