ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းတွင် ဒေသတွင်း MSME ထုတ်ကုန်များ သုံးစွဲမှုမြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 


နေပြည်တော် ဇွန် ၄

 

နေပြည်တော်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းကဏ္ဍအတွင်း MSME ဒေသတွင်းထုတ်ကုန်များ သုံးစွဲမှုမြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်  ရွှေစံအိမ် ဟိုတယ်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက MSME ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အစီအမံများ၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကာ ခင်းကျင်းပြသထားသည့် MSME ထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် နေပြည်တော်အတွင်း စား‌ရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)

No comments

Powered by Blogger.