မြဝတီမြို့၌ Placement Test (အထူး)စာမေးပွဲကျင်းပ

 




မြဝတီ ဇွန် ၁၅


ကရင်ပြည်နယ် မြဝတီမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် ကျောင်းနေအရွယ် ကလေးများ အတွက် placement Test (အထူး) စာမေးပွဲကို ယနေ့နံနက် ၉ နာရီ တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျင်းပသည်။


လိုက်လံကြည့်ရှု


အဆိုပါ Placement Test (အထူး) စာမေးပွဲကို Grade (1)မှ Grade(8)အထိ ကျောင်းသား ကျောင်းသူ ၄၀၅ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်း မောင်၊ ခရိုင်ပညာရေးမှူး ဦးစောဝါး လယ်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းအုပ် ဆရာကြီး ဦးအုန်းမြင့်တို့က လိုက်လံကြည့်ရှုကြသည်။


ယနေ့တွင် ကျင်းပသည့် အထူးစာမေးပွဲကို ဇွန် ၁၅ ရက်မှ ၂၀ ရက်အထိ ဘာသာရပ်အလိုက် ဖြေဆိုကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၁ ရက်တွင် အောင်စာရင်းထုတ်ပြန် ကြေငြာပေးသွားမည် ဖြစ်သည်။ စာမေးပွဲတွင်အောင်မြင်ကြသည့် ကျောင်းသား ကျောင်းသူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာ ဆက်လက်သင်ကြားနိုင်ရေး အတွက် မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်နှံလက်ခံခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆောင်းနှင်းဖြူ(ပြန်/ဆက်)

No comments

Powered by Blogger.