အီဘိုလာရောဂါ ကြိုတင်ကာကွယ်ရေးအတွက် WHO က ဇမ်ဘီယာသို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်
လူဆာကာ ဇွန်
၇
အီဘိုလာရောဂါ ကြိုတင်ကာကွယ်ရေးအတွက်
ဇမ်ဘီယာနိုင်ငံ၏ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ရေး အစီအစဉ်များကို အထောက်အကူပြုနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန် ၅ ရက် တွင် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို ဇမ်ဘီယာနိုင်ငံသို့
လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှာ
အမေရိကန်ဒေါ်လာ ၂၂၀၀၀ တန်ဖိုးရှိ ကာကွယ်ရေးဝတ်စုံများ၊ ဓာတ်ခွဲစစ်ဆေးရန် နမူနာများကို သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဓာတ်ခွဲခန်းသုံး ဓာတ်ပစ္စည်းများပါဝင်သည်။
ယခုကဲ့သို့ ထောက်ပံ့ရေးပစ္စည်းများ
ပံ့ပိုးပေးခြင်းဖြင့် ဇမ်ဘီယာနိုင်ငံ၏ အီဘိုလာရောဂါ ရှာဖွေ ဖော်ထုတ်နိုင်မှုနှင့် သံသယရှိလူနာများအား
စစ်ဆေးရာတွင် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ဇမ်ဘီယာနိုင်ငံဆိုင်ရာ WHO ၏
ကိုယ်စားလှယ် ကလီမင့်ပီတာ လာဆူဘာက ပြောကြားသည်။
WHO သည် အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့်
ကာကွယ်ရေးစင်တာ နှင့်ပူးပေါင်းကာ အီဘိုလာ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်ရန် ကမ္ဘာ့တိုက်ကြီးအဆင့်
ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ရေး အစီအစဉ်များကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊
ထိခိုက်ခံစားရသည့် နိုင်ငံများကို ကူညီ ပေးရန်နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအပါအဝင်
အိမ်နီးချင်းနိုင်ငံများသို့ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ

No comments