စပိန်၌ ဇွန်လအတွင်း အပူချိန်လွန်ကဲမှုကြောင့် လူတစ်ထောင်ကျော်သေဆုံး



 

မက်ဒရစ်  ဇူလိုင် 

စပိန်နိုင်ငံ   ကားလို့စ်(၃) ကျန်းမာရေးဌာန အမျိုးသားကူးစက်ရောဂါဗေဒဌာနက ပူးပေါင်း ဆောင်ရွက်သည့် နေ့စဉ်လူသေဆုံးမှုစောင့်ကြည့် ရေးစနစ်(MoMo)၏ ခန့်မှန်းချက်အရ နိုင်ငံ၏ ဒုတိယမြောက်   အပူဆုံးလ ဇွန်လအတွင်း အပူချိန်လွန်ကဲမှုကြောင့် သေဆုံးသူပေါင်း ၁၀၂၉ ဦး ရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူများတွင် အပူလျှပ်ခြင်းကြောင့် တိုက်ရိုက်သေဆုံးသူများအပြင် ရှိရင်းစွဲကျန်းမာရေး အခြေအနေ    ပိုမိုဆိုးရွားလာမှုကြောင့် သေဆုံးသူများလည်းပါဝင်သည်။ ယခုနှစ် ဇွန်လသည် ၁၉၆၁ ခုနှစ်က မှတ်တမ်းစတင်ကောက်ယူသည့်အချိန်မှစတင်ပါက ဒုတိယမြောက် အပူပြင်းဆုံးလ တစ်လဖြစ်ပြီး   စပိန်ကျွန်းဆွယ်၏ ၂၄ နာရီ ပျမ်းမျှအပူချိန်မှာ ၂၄ ဒသမ    ဒီဂရီဆဲလ်စီးယပ်စ် ရှိသည်။ 

 

ယခုနှစ်  ဇွန်လ ၂၃ ရက်နေ့သည် နိုင်ငံသမိုင်းတစ်လျှောက် အပူပြင်းဆုံးနေ့ရက်အဖြစ် မှတ်တမ်း ဝင်ခဲ့ပြီး လူပေါင်း ၃၅ ဒသမ ၇ သန်း (နိုင်ငံ့လူဦးရေ၏  ၇၃   ရာခိုင်နှုန်းခန့်) သည် အပူချိန်လွန်ကဲမှု ကြောင့် ကျန်းမာရေးထိခိုက်နိုင်သည့်   အခြေအနေနှင့်  ကြုံတွေ့ခဲ့ကြရကြောင်း သိရသည်။           

 

ဆင်ဟွာ

No comments

Powered by Blogger.