အင်္ဂပူမြို့၌ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ်အကြောင်း ရှင်းလင်း
အင်္ဂပူ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်
ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းခြင်း ပြုလုပ်သည်။
ရှင်းလင်းတင်ပြ
အခမ်းအနားတွင် ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူး ဇော်မင်းထွန်းက ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းများကို
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြို့နယ်အတွင်း ပြည်သူဗဟိုပြု
ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး မိတ်ဖက်အဖွဲ့အစည်းများဖြင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း
သိရသည်။
မန်းကျော်(ပြန်/ဆက်)

No comments