မှော်ဘီမြို့နယ်၌ ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲ ကျင်းပ
မှော်ဘီ ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏
ကြီးကြပ်မှုဖြင့် မှော်ဘီမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ဂိုဏ်းပေါင်းစုံ
သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြကျေးရွာရှိ
ဗောဓိရိပ်ငြိမ်ကျောင်းတိုက်ကြီး၌ ကျင်းပသည်။
ဦးစွာတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ တိပိဋကာလင်္ကာရစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ
ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကာ မှော်ဘီမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်
ဦးဝင်းစိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး သင်တန်းတက်ရောက်မည့် ဆရာတော်
သံဃာတော်များအား သင်ရိုးညွှန်းတမ်းစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါသင်တန်းကို သုံးရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments