တူနီးရှားအသင်းနှင့် နည်းပြဟာ့ဗ်ရေနာ့ဒ် လမ်းခွဲ

 



ဟာ့ဗ်ရေနာ့ဒ်သည် တူနီးရှားအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ယခုအခါ  နည်းပြအဖြစ်မှ  နုတ်ထွက်သွားပြီဖြစ်ကြောင်း  သိရသည်။ 

တူနီးရှားအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် တူနီးရှားက ဆွီဒင်ကို ငါးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲစဉ်အပြီးတွင် နည်းပြ ဆဘရီလာမွန်ချီ၏နေရာကို အသက် ၅၇ နှစ်အရွယ် ပြင်သစ် လူမျိုးနည်းပြ ရေနာ့ဒ်ဖြင့် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ရေနာ့ဒ်က တူနီးရှားအသင်းကို နည်းပြခွင့်ရရှိခဲ့သည့်အတွက် ဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင် ကြောင်း ဇူလိုင် ၄ ရက်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။ နည်းပြ ရေနာ့ဒ်လက်ထက် တွင် တူနီးရှားအသင်းသည် ဂျပန်ကို လေးဂိုး-ဂိုးမရှိ၊ နယ်သာလန်ကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့် ထားသည်။

မိုးဇက်

No comments

Powered by Blogger.