စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း(သထုံ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြော

 


သထုံ ဇူလိုင် ၂၂

 

မွန်ပြည်နယ် သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း(သထုံ)တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့တွင် မြေနီကုန်းကျေးရွာရှိ အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် ဒုတိယကျောင်းအုပ်(သင်ကြားရေး) ဒေါ်တင်တင်မော်က ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးနှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ရွှေထုံ ခင်သီတာလှိုင်တို့က အသိပညာပေးဟောပြော‌ခဲ့ကြသည်။

 

ထို့နောက် စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ‌ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.