နယူးဇီလန်နိုင်ငံ တောင်ကျွန်းတွင် ပြင်းအား ၆ ဒသမ ၃ ပမာဏ ငလျင်လှုပ်ခတ်
ဇူလိုင် ၁၇
နယူးဇီလန်နိုင်ငံ တောင်ကျွန်းရှိ တီအာနောမြို့၏မြောက်ဘက်တွင် ယမန်နေ့ညနေပိုင်းက ပြင်းအား ၆ ဒသမ ၃ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အာဏာပိုင်များက ဆူနာမီအန္တရာယ် ဖြစ်ပေါ်လာနိုင်ခြေရှိသဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
နယူးဇီလန်နိုင်ငံ မြေကမ္ဘာသိပ္ပံဌာနက မြေအောက်အနက် ၅၁ ကီလိုမီတာတွင် ဒေသစံတော်ချိန် ည ၉ နာရီ ၁၄ မိနစ်က ပြင်းအားများသောငလျင်နှင့် ပြင်းအား ၃ ဒသမ ၃ မှ ၄ ဒသမ ၃ အကြားရှိ အခြားငလျင်ခုနစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီသည် ဆူနာမီသတိပေးချက်ကို ဦးစွာထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် သတိပေးချက်အဖြစ် လျှော့ချခဲ့သည်ဟု ရေဒီယိုနယူးဇီလန်က ဖော်ပြခဲ့ပြီး ပြင်းအား ၆ ဒသမ ၃ ငလျင်ကို ပြင်းအား ၅ ဒသမ ၉ ပမာဏသို့ လျှော့ချထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
.jpg)
No comments