အလုံမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးဟောပြောပွဲ ကျင်းပ
အလုံ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်
အခွန်ဆိုင်ရာအသိပညာ တိုးတက်ရေးနှင့် အခွန်တာဝန်လေးစား လိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုဟောပြောပွဲကို
ယမန်နေ့က အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း သဇင်ခန်းမ၌ ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် ပြည်တွင်းအခွန်များဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြည်တွင်းအခွန်များဦးစီးဌာန၏ ကောက်ခံလျက်ရှိသော
အခွန်အမျိုးအစားများကို ရှင်းလင်းဟောပြောသည်။ အဆိုပါဟောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်
ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုထွဋ်

No comments