ဘုတ်ပြင်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်မှု ဆုများချီးမြှင့်
ဘုတ်ပြင်း ဇူလိုင် ၂၃
ဘုတ်ပြင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ
ရာနှုန်းပြည့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ကျေးရွာမြေငှားဂရန်၊ နိုင်ငံသားစိစစ်ရေးကတ်၊
လူထုကျန်းမာရေး သင်တန်းဆင်းလက်မှတ်၊ ဓာတ်မြေဩဇာများနှင့် အသက်(၁၉)နှစ်အောက် အခြေခံပညာ
ကျောင်းပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲတို့အား ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက
မြို့တော်ခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ကျေးရွာမြေငှားဂရန်၊
နိုင်ငံသားစိစစ်ရေးကတ် နှင့် UID ကတ်များ၊ လူထုကျန်းမာရေးသင်တန်းဆင်း လက်မှတ်၊ ဓာတ်မြေဩဇာများနှင့်
အသက် (၁၉)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများအား
ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့် သက်ဆိုင်ရာဌာနများမှ
တာဝန်ရှိသူတို့က ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments