မုံရွာတက္ကသိုလ်၌ ဝါးတစ်အုပ်တစ်မစိုက်ပျိုးပွဲ ကျင်းပ
မုံရွာ ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်
သစ်တောဦးစီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ ဝါးတစ်အုပ်တစ်မစိုက်ပျိုးပွဲကို ဇူလိုင် ၁၄ ရက်က
မုံရွာတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်း၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာသန်းသန်းဝင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့်
ကျောင်းသား ကျောင်းသူများက ဝါးပျိုးပင် ၄၂၀ နှင့် တမာပျိုးပင် ၃၀၀ တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments