လသာမြို့နယ်၌ (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

 



ရန်ကုန် ဇူလိုင် ၁


ရန်ကုန်တိုင်းဒေသကြီး လသာ မြို့နယ်၌ (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အကြို အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဗဟိုစံပြ ခန်းမ၌ ကျင်းပသည်။


ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်အေသူမြင့် က မြို့နယ်များတွင် သမဝါယမ လှုပ်ရှားမှုဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်း လှုပ်ရှားမှုဆိုင်ရာများနှင့် ကဏ္ဍအလိုက် သမဝါယမ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


နေလင်း(ပြန်/ဆက်)

No comments

Powered by Blogger.