ဒေါပုံမြို့နယ်၌ အခွန်ဆိုင်ရာ ပညာပေးဆွေးနွေး

 


ဒေါပုံ ဇူလိုင် ၁၂

 

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင် ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်မှူးရုံး၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အခွန်ပညာပေး ရှင်းလင်းပွဲကို ဇူလိုင် ၉ ရက်က ကျင်းပရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်မျိုးထွေးက အခွန်အမျိုးအစား ခြောက်မျိုး၊ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် လိုက်နာရမည့် အချက်များ၊ အခွန်ပျက်ကွက်မှုများအတွက် ပြစ်ဒဏ်များ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။  

ချစ်စုဝေ(ပြန်/ဆက်)

No comments

Powered by Blogger.