အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ်များ ကျင်းပ
နေပြည်တော် ဇူလိုင် ၁၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်
ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အသိပညာရရှိစေရန်၊
အဂတိလိုက်စားမှုကို တွန်းလှန် တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်း ဖြစ်တည်လာစေရန်၊
အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစား
တွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်များကို
အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အထက(၈)၊ မွန်ပြည်နယ် မော်လမြိုင်မြို့ အထက(၄)နှင့်
ရှမ်းပြည်နယ် တောင်ကြီးမြို့ အထက(ဇလဲ)တို့တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား
ကျောင်းသူ ၁၀၄၄ ဦးတို့ကို ကော်မရှင်ရုံးနှင့် ကော်မရှင်ရုံးခွဲရှိ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှု
မြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာပါ အကြောင်းအရာများကို
အခြေခံ၍ အသိပညာပေး ဆွေးနွေးသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကော်မရှင်ရုံးနှင့်
ရုံးခွဲများရှိ ဝန်ထမ်းများက နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊
မော်လမြိုင်မြို့များနှင့် နီးစပ်ရာမြို့များရှိ အခြေခံပညာကျောင်းများ၌ Edutainment
အစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments