ရေတာရှည်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

 


ရေတာရှည် ဇူလိုင် ၂၃

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းမှစတင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည်။ 

 

ထိုသို့ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆီလုပ်ငန်းရှင်အသင်းနှင့် အသားငါးဒိုင်များ ပူးပေါင်း၍ စားဆီတစ်ပိဿာငွေကျပ် ၈၁၅၀၊ ဆန်တစ်ပြည် ငွေကျပ် ၃၀၀၀၊ ကြက်သား(အသား) တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀၊ ကြက်ဥတစ်လုံး ငွေကျပ် ၄၈၀ နှုန်းဖြင့် ရောင်းချခဲ့ရာ ပြည်သူများ လာရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.