ကမ္ဘောဒီးယားနိုင်ငံ အန်ကောဘုရားကျောင်းသို့ ၂၀၂၆ ခုနှစ်ပထမနှစ်ဝက်အတွင်း တရုတ်ခရီးသွား ၃၄၀၀၀ ဝင်ရောက်



ဇူလိုင် ၂

ကမ္ဘောဒီးယားနိုင်ငံ အန်ကောရှေးဟောင်းသုတေသနဉယျာဉ်သို့ ၂၀၂၆ ခုနှစ်ပထမနှစ်ဝက်အတွင်း တရုတ်ခရီးသွား ၃၄၀၀၀ ဝင်ရောက်မှုရှိကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် အဆိုပါယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာဖြစ်သောအန်ကောဝပ်သို့ ယခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွင် စတုတ္ထအများဆုံးဖြစ်သည်ဟု သိရသည်။

ဇွန်လအတွင်းမှာပင် တရုတ်ခရီးသွား ၄၂၇၂ ဦး ဝင်ရောက်မှုရှိရာ ထိုဉယျာဉ်သို့ ဝင်ရောက်သည့် နိုင်ငံတကာခရီးသွားများတွင် တရုတ်ခရီးသွားဝင်ရောက်မှုသည် ဒုတိယအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

ဆီယမ်ရိပ်ပြည်နယ် အနောက်မြောက်ပိုင်းတွင် တည်ရှိသော ၄၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် အန်ကောဝပ်ဥယျာဉ်သည် နိုင်ငံ၏အထင်ရှားဆုံး ခရီးသွားနေရာဖြစ်ပြီး ကိုးရာစုမှ ၁၃ ရာစုအထိ တည်ဆောက်ခဲ့သော ရှေးဟောင်းဘုရားကျောင်း ၉၁ ခု ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.