မွန်ပြည်နယ်ဝန်ကြီးချုပ် ဘီးလင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများထံ အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေများ ပေးအပ်
မော်လမြိုင် ဇူလိုင် ၁၂
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည်
ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဘီးလင်းမြို့ သာသနာ့ဗိမာန်၌ ရေဘေးရှောင်ပြည်သူများနှင့်
တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူများအနေဖြင့် လိုအပ်ချက်များ၊
အခက်အခဲများ ကြုံတွေ့လာပါက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ထောက်ပံ့ကူညီဖြည့်ဆည်း
ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက
လှူဒါန်းသော ဆန်ရိက္ခာ ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား
သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ကန်သာယာရပ်ကွက် အနိမ့်ပိုင်းဒေသရှိ ရေကြီးနစ်မြုပ်သည့်နေရာကို
ကြည့်ရှုစစ်ဆေးကာ ရေများ ပြန်လည်ကျဆင်းပါက နေအိမ်များသို့ စနစ်တကျပြန်လည် ရွှေ့ပြောင်းရေး၊
ရေကြီးပြီး နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးတို့နှင့်စပ်လျဉ်း၍
မှာကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)

No comments