လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ပြည်သူ့စကားဝိုင်း ကျင်းပ
ရန်ကုန် ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း)
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ခန်းမ၌ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်
ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးမင်းမင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းတို့က
အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်သူ့စကားဝိုင်းကို ကျင်းပရာ
လွှတ်တော်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် မဏ္ဍိုင် (၃)ရပ်အကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်
ပတ်သက်၍ ဆွေးနွေးခြင်း၊ အမှုအခင်းများနှင့် ပတ်သက်၍ ဥပဒေအသိပညာဖြန့်ဝေဆွေးနွေးခြင်း၊
စည်ပင်သာယာရေးနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးခြင်း၊ လောင်းကစားခြင်းကြောင့်ဖြစ်လာသည့်
ဆိုးကျိုးများနှင့် ဥပဒေများ၊ ပြစ်မှုဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments