တောင်ကြီးမြို့ရှိ တပေါင်းကွင်းပတ်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်



တောင်ကြီး ဇူလိုင် ၂၁

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးရေးနှင့် တောင်ကြီးမြို့တွင်း လမ်းများကောင်းမွန်ရေး၊ ယာဉ်များသွားလာရ လွယ်ကူချောမွေ့စေရေးအတွက် တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ တပေါင်းကွင်းပတ်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် နဂါးရေထွက်လမ်းအား မြေလမ်းမှကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုပြီး လမ်းပိုင်းများ ရေရှည်တည်တံ့ကောင်မွန်ရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.