ဗင်နီဇွဲလားနိုင်ငံ၌ ငလျင်ကြီးများလှုပ်ခတ်ပြီးနောက် ရှစ်ရက်အကြာတွင် အပျက်အစီးများအောက်၌ ပိတ်မိနေသူတစ်ဦးကို ကယ်တင်နိုင်ခဲ့



ကာရာကတ်   ဇူလိုင်  

ဗင်နီဇွဲလားနိုင်ငံ၌ ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် ရှစ်ရက်အကြာတွင် ဈေးဝယ်စင်တာတစ်ခု၏   အပျက်အစီးများအောက်၌ ပိတ်မိနေသူတစ်ဦးကို ယမန်နေ့က ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ  အသက်  ၄၀  ကျော်အရွယ်  အမျိုးသားတစ်ဦးသည် ကမ်းရိုးတန်းပြည်နယ် လာဂူရီရာရှိ    ဈေးဝယ်စင်တာမှ   လုံခြုံရေးအစောင့်တစ်ဦး ဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းကို အံ့ဖွယ်ကိစ္စရပ်တစ်ခုအဖြစ် ၎င်းအမျိုးသားအား ကုသပေးခဲ့သော ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်သားများက  ၎င်းအား  အားပေးစကား ပြောကြားခြင်းနှင့် ရေနှင့် အစားအစာများပေးခြင်းဖြင့်   အသက်ဆက်လက်ရှင်သန်ရန် ကူညီပေးခဲ့ ကြောင်း  ဆရာဝန်က  ပြောကြားခဲ့သည်။

ဇွန် ၂၄ ရက်တွင် ပြင်းအား မဂ္ဂနီကျု ၇ ကျော်ရှိသော ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ပြီးနောက်     ကယ်ဆယ်ရေးလုပ်ငန်းများ   ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

လက်ရှိအချိန်အထိ သေဆုံးသူ ၂၅၉၅  ဦးရှိကြောင်း  ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ ဒဲလ်စီ ရိုဒရီ ဂွက်ဇ်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ အတည်ပြုပြောကြားခဲ့သည်။

လာဂူရီရာပြည်နယ်၌  ပြိုကျသွားသော အဆောက်အအုံအရေအတွက် အများဆုံးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများသည် အစားအစာနှင့် ရေပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရ သည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောက်ဆက်တွဲဘေးအန္တရာယ်များ ပိုမိုဖြစ်နိုင်ခြေရှိသည့် အတွက်   ကုလသမဂ္ဂက ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

အမေရိကန်အာကာသအေဂျင်စီ နာဆာမှ ထုတ်ပြန်သော ဂြိုဟ်တုအချက်အလက်များအရ ငလျင် ဘေးသင့်ဒေသများကို တောင်စောင်းများနှင့် ကမ်းရိုးတန်းများဖြင့် ဝန်းရံထားပြီး ယင်းဧရိယာရှိ အဆောက်အအုံအများစုမှာ ပြိုကျခြင်း သို့မဟုတ် ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း သိရသည်။

အော်ရီဂွန်ပြည်နယ်တက္ကသိုလ်မှ  ခွဲခြမ်းစိတ်ဖြာမှုအရ  ငလျင်လှုပ်ခတ်မှုကြောင့် ဒေသတစ်ဝန်းရှိ အဆောက်အအုံပေါင်း ၅၈၈၇၀ ခန့် ပျက်စီးခဲ့ကြောင်း ခန့်မှန်းထားသည်။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖိန် ဒူဂျာရစ်က အရေးပေါ်အကူအညီများ တိုးချဲ့ရန်နှင့် အမိုး အကာများ လုံခြုံစေရန်အတွက် ဒေသဆိုင်ရာအာဏာပိုင်များနှင့်အတူ   လုပ်ဆောင်နေကြောင်း     ပြောကြားခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုနှင့်  ထပ်မံပြိုကျနိုင်ခြေမြင့်တက်လာ ကြောင်း ၎င်းက ပြောသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် -‌ အောင်ကျော်ကျော်

No comments

Powered by Blogger.